Call+66 2 826 9985

2/4 Wireless Road, Lumpini, Pathumwan, Bangkok 10330

08:00-17:00 MON - FRI, 08:00-12:00 SAT

Aesthetic Medicine

Aesthetic Medicine

အသက်အရွယ်နှင့် ဆက်စပ်ပြီး အိုမင်းရင့်ရောခြင်းကို အမာရွတ်များ၊ ပါးရေ နားရေတွန့်ခြင်း၊ အရေပြား လျော့တွဲခြင်း၊ ဆံပင်ဖြူခြင်း၊ ခြေသည်းလက်သည်း မကျန်းမာခြင်းတို့တွင် တွေ့မြင်နိုင်သည်။ ဤသည်တို့မှာ မျိုးဗီဇကြောင့်လည်း ဖြစ်နိုင်သကဲ့သို့ နေရောင်၊ လေထု၊ မြေထု၊ ရေထု ညစ်ညမ်းခြင်းနှင့် သဘာဝပတ်ဝန်းကျင်တို့ကဲ့သို့သော အခြားအကြောင်းရင်းများကြောင့်လည်း ဖြစ်ပေါ်နိုင်သည်။ အရေးပြားဆဲလ်ယိုယွင်းမှုကို ကာကွယ်ရန်ဆိုလျှင် ကျွန်ုပ်တို့အဖြေင့် ခန္ဓာကိုယ်၏ အလုပ်လုပ်ပုံကို နားလည်ရန်လိုပြီး မိမိတို့ တစ်ဦးချင်း၏ လူနေမှုပုံစံများကိုလည်း ဂရုစိုက်ရန် လိုအပ်ပါသည်။ ဤဖြစ်စဥ်ကို ပြီးပြည့်စုံသော ကျန်းမာရေးစစ်ဆေးမှုနှင့် စတင်သင့်ပါသည်။ ထိုနောက်တွင် ကျွန်ုပ်တို့အနေဖြင့် ပြင်ပတွင် တိုးတက်စေရန်အတွက် အတွင်းမှနေ၍ နုပျိုရေးနည်းပညာများ၊ အားဖြည့်ခြင်းများ၊ အဆိပ်အတောက်ဖယ်ရှားခြင်းများနှင့် ပေါင်းစပ်၍ မှန်ကန်စွာ ထိန်းညှိနိုင်ပါသည်။ ကျွန်ုပ်တို့၏ လှပနုပျိုရေး ကုထုံးများမှာ :

  • Infusion: ဆဲလ်အခွံများ၏ စိမ့်ဝင်နိုင်မှုကို တိုးမြှင့်ပေးသည့် မော်လီကျူးဆိုင်ရာ နည်းပညာတစ်ခုဖြစ်သော Electroporation ကို အသုံးပြုလျက် သင်၏ အထူးကုဆရာဝန်က အရေပြားအလွှာထဲသို့ အထူးသီးသန့်ပြုလုပ်ပေးထားသည့် ဓာတ်ပစ္စည်းများ ထည့်သွင်းပါသည်။
  • CORE™ (Channeling Optimized RF Energy): ဤနည်းလမ်းသည် အရေပြားကို တင်းရင်းစေသည့် collagen များကို ထုတ်ပေးအောင် အရေပြားဆဲလ်များကို အားကောင်းစေပါသည်။
  • Microdermabrasion: စိန်ခြစ်ခြင်းနှင့် လေဟာနည်စနစ်ကို အသုံးပြုကာ စနစ်တကျတွက်ချက်ထားသော စနစ်ကို လည်ပတ်စေလျက် အရေပြားကို ထိရောက်နုညံ့စွာ ခွာချပေးပါသည်။