Royal Compounding Pharmacy
မျှတသော antioxidantများ၊ ဗီတာမင်နှင့် သတ္တုဓဦတ်များသည် ကောင်းမွန်သော ကျန်းမာရေးကို ထိန်းသိမ်းထားရန်အတွက် အရေးကြီးပါသည်။ သို့သော် “တစ်ခါတည်းနှင့် အလုံးစုံကို ဖြည့်ဆည်းပေး”သည့်နည်းလမ်းက အထိရောက်ဆုံးရလဒ်ကို မပေါ်ပေါက်စေပေ။ ကျန်းမာရေးအတွက် မကောင်းသော ဓာတ်သတ္တုများ ပါဝင်မှုမရှိသော ဖြည့်စွက် အာဟာရများကို ဖန်တီးရန်အတွက် ကျွန်ုပ်တို့သည် Royal Compunding Pharmacy ကို တည်ဆောက်ခဲ့ပါသည်။
Royal Life Supplements
အစားအသောက်တော်တော်များများမှာ လိုအပ်သော ဗီတာမင်နှင့် အာဟာရများပါဝင်သော်လည်း ကျွန်ုပ်တို့သည် အကောင်းမွန်ဆုံးသော သမမျှတမှုကို မရနိုင်ပေ။ ဤသည်မှာ ကျန်းမာရေးနှင့် မညီညွတ်သော အစားအသောက်များကြောင့် ဖြစ်နိုင်သကဲ့သို့ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်က အစာချေဖျက်ပုံကြောင့်လည်း ဖြစ်နိုင်သည်။ ဗီတာမင်နှင့် သတ္တုဓာတ်များမှာ ကျွန်ုပ်တို့၏ ခန္ဓာကိုယ်ကို ကောင်းမွန်စွာ လည်ပတ်စေရေးအတွက် အသက်ဓာတ်ပင်ဖြစ်ပါသည်။ antioxidantများ၊ ဗီတာမင်နှင့် သတ္တုဓာတ်များကို မှန်ကန် မျှတစွာ ရှိနေအောင် ထိန်းသိမ်းထားခြင်းသည် ကျန်းမာသော ခန္ဓာကိုယ်ကို ထိန်းသိမ်းထားရန်အတွက် အရေးကြီးပါသည်။
Antioxidantများ၊ micronutrientများ၊ ဟိုမုန်းများနှင့် မျိုးဗီဇအနေအထားများစစ်ဆေးခြင်းကို ပြုလုပ်ထားသော ကျွန်ုပ်တို့၏ ဧည့်သည်များအတွက် ကျွန်ုပ်တို့၏ ကိုယ်ပိုင် Royal Compounding Pharmacy သည် သင်၏ လိုအပ်ချက်၊ ဆဲလ်ချို့တဲ့မှုကို ဖြေရှင်းပေးရန်အတွက် သီးသန့် ဓာတ်စာများ ဖန်တီးထုတ်လုပ်ပေးပါသည်။
တစ်ဦးချင်းအတွက် သီးသန့်ပြုလုပ်ပေးထားသော ဖြည့်စွက် ဓာတ်စာများအပြင် ကျွန်ုပ်တို့၏ ဆရာဝန်းများ၊ ဆေးဝါးပညာရှင်များသည် အာရှသားများ၏ ခန္ဓာကိုယ်နှင့် ကောင်းစွာကိုက်ညီပြီး ရောဂါကာကွယ်ရေး၊ ကျန်းမာရေးကောင်းမွန်ရေးနှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှုများအား ဖြေရှင်းပေးနိုင်သည့် အခြားသော ဖြည့်စွက်ဓာတ်စာများလည်း ဖော်စပ်ထုတ်လုပ်ထားပါသည်။
Royal Immune – ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်ကို ကူညီပေးပြီး ကူးစက်ရောဂါအမျိုးမျိုးကို တိုက်ဖျက်နိုင်သည့် ဆေးဝါးအာနိသင်ရှိသော တရုတ်ဆေးပင် Cordyceps မှ ထုတ်ယူထားသည့် ဓာတ်ပစ္စည်းများနှင့် မှိုမှ ထုတ်ယူထားသည့် အာဟာရဓာတ်များ။
Cordyceps Mix C – သွေးတွင်းသကြားဓာတ်ကို ထိန်းသိမ်းထားရန်နှင့် ကျန်းမာရေးအတွက် ကိုယ်ခံအားစနစ်ကို တိုးတက်စေရန်အတွက် ဆရာဝန်များက ဖော်စပ်ထားသည့် ရှေးဟောင်း တရုတ်ဆေးဝါး။
BRN Gevity – ခန္ဓာကိုယ်၏ အာရုံကြောစနစ်၏ ထိရောက်မှုကို တိုးတက်စေ၇န်နှင့် ဦးနှောက်၏ ကျန်းမာရေးကို အားပေးရန်အတွက် ဒီဇိုင်းဆွဲထားသည့် အထူးရွေးချယ်ထားသော ဗီတာမင်၊ သတ္တုဓာတ်နှင့် အာဟာရဓာတ်များ။
Vitalutein Plus – မျက်စေ့ကျန်းမာရေးကောင်းစေပြီး ကွန်ပျူတာ စခရင်များ၊ လက်ကိုင်ဖုန်းများကြောင့် ထိခိုက်မှုကို ကာကွယ်ပေးသည့် သဘာဝပါဝင်ပစ္စည်းများ။
Calcium-LT – အရိုးကျန်းမာရေးကို အားကောင်းစေရန်အတွက် ပြောင်းဆံအတွင်းရှိ ဗီတာမင် စီမှ ထုတ်ယူထားသည့် ကယ်လ်ဆီယံ ဓာတ်။
Mushroom Extract – မှိုမှ ထုတ်ယူထားသည့် သဘာဝဓာတ်များပါဝင်သော ကိုယ်ခံအားမြင့်မားစေသည့် ဆေးဝါး။ ဥပမာ ။ ။ Shitake, Yamabushitake, Reishi (Lingzh) mushroom
L-Carnitine – ခန္ဓာကိုယ်အတွင်း အဆီများကို လောင်ကွမ်းစေပြီး၊ လျော့ရဲသော ကြွက်သားများကို တင်းရင်းစေကာ cellulite များကို လျှော့ချပေးသည့် အမီနို အက်ဆစ်ဓာတ်များ။
Lecithin (Royal Brain) – ဦးနှောက်နှင့် အာရုံကြောစနစ်အတွင်းရှိ ဆဲလ်များ၏ လုပ်ဆောင်မှုကို အားပေးသည့် လိုအပ်သော ပါဝင်ပစ္စည်းများပါဝင်သည် သဘာဝ ဦးနှောက်အားကောင်းဆေး။