Call+66 2 826 9985

2/4 Wireless Road, Lumpini, Pathumwan, Bangkok 10330

08:00-17:00 MON - FRI, 08:00-12:00 SAT

အစားအသောက်မတည့်မှု စစ်ဆေးခြင်း

အစားအသောက်မတည့်မှု စစ်ဆေးခြင်း

‘အစားတစ်လုတ် ဒုက္ခဖြစ်စေသောအခါ’

သင့်တွင် အောက်ပါလက္ခဏတစ်ခု သို့မဟုတ် တစ်ခုမက ရှိနေပါက သင်သည် အစားအသောက်မတည့်မှုကို ခံစားနေရပါသည်။ :

  • အစာမကြေခြင်း၊ ရင်ပြည့်ခြင်း
  • ဘာကြောင့်မှန်းမသိ ခေါင်းမူး ခေါင်းကိုက်ခြင်း
  • ဘာကြောင့်မှန်းမသိ ကိုယ်အလေးချိန် တက်လာခြင်း
  • ကာလရှည် ပင်ပန်းနွမ်းနည်ခြင်း
  • ခေါင်းမကြည်ခြင်း
  • စိတ်ဆိုးဒေါသထွက်လွယ်ခြင်း Premenstrual Syndrome (PMS)
  • ကာလရှည် ဝက်ခြံပေါက်ခြင်း

အစားအသောက် မတည့်ခြင်းနှင့် ဓာတ်မတည့်မှုများ
အစားအသောက် ဓာတ်မတည့်သည့် လက္ခဏာများ

  • နှေးကွေးသော တုန့်ပြန်မှု (Immunoglobulin G (IgG) ခုခံအားစနစ် တုန့်ပြန်မှု)
  • မတည့်သည့် အစားအသောက်များ စားသောက်ပြီး နာရီပေါင်းအတန်ကြာသည်အထိ သို့မဟုတ် ရက်ပေါင်း အတန်ကြာသည်အထိ လက္ခဏာ မပြခြင်း
  • IgE တုန့်ပြန်မှုများနှင့် မတူသည်မှာ IgG တုန့်ပြန်မှုများမှာ ပြောင်းလဲ၍ ရနိုင်သည်။
  • အချို့သော အစားအသောက်များနှင့် မဆက်စပ်သော လက္ခဏာများ။ ထိုအစားအသောက်များတွင် နို့ထွက် ပစ္စည်းများ၊ gluten အုပ်စုဝင် အစားအစာများ၊ ဥများနှင့် သစ်စေ့သစ်ဆံများ ပါဝင်သည်။

လူကို ဒုက္ခပေးသော အစားအသောက်များမှာ သူ့အလိုလို လက္ခဏ ပြခဲပါသည်။ သို့သော် အစားအသောက်မတည့်ခြင်း အကြောင်းရင်းကို သတ်မှတ်ဖော်ထုတ်ရန်ဆိုလျှင် Immunoglobulin G4 (IgG4) မှတစ်ဆင့် အစားအစာပေါင် ၂၃၂ မျိုးအပေါ် ခန္ဓာကိုယ်၏ တုန့်ပြန်မှုအား အကဲဖြတ်နိုင်သည့် စစ်ဆေးမှုတစ်ခု ရှိပါသည်။ အခြားသော ဓာတ်မတည့်မှုများနှင့် မတူသည်မှာ အစားအသောက်မတည့်ခြင်းသည် လက္ခဏာပေါ်ရန် အချိန်ကြာတတ်ပြီး ရက်အတန်ကြာအထိ ကြတတ်သည်။ ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ်က လက်မခံနိုင်သော အ‌စားအသောက်များကို အကြိမ်ကြိမ်စားသောက်ခြင်းက အဆိပ်အတော်များ စုဝေးလာစေပြီး မလိုလားအပ်သော လက္ခဏာများ ပေါ်ပေါက်စေသည်။

အစားအသောက်များအပေါ် တုန့်ပြန်မှု အချိန်ကြာမြင့်ခြင်းသည် ခန္ဓာကိုယ်အတွင်းရှိ ကိုယ်တွင်း ကလီစာတိုင်း သို့မဟုတ် တစ်ရှူးတိုင်းတွင် ပေါ်ပေါက်နိုင်ပါသည်။ ထို့အပြင် ဓာတ်မတည့်ခြင်း လက္ခဏာ ၁၀၀ ကျော်၊ စိတ်ရှုတ်ထွေးခြင်း၊ ADHD၊ အော်တစ်ဇင်၊ မောပန်းနွမ်းနယ်ခြင်း၊ ကာလရှည် ရောဂါကူးစက်ခံရခြင်းအပါအဝင် ရောဂါပေါင်း အမျိုး ၁၅၀ ကျော် ဖြစ်ပွားစေ၊ ပေါ်ပေါက်စေနိုင်သည်။

အစားအသောက်မတည့်မှု စစ်ဆေးခြင်း ပြုလုပ်ပြီးနောက်

သင်၏ အစားအသောက်မတည့်ခြင်း စစ်ဆေးမှုသည် အစားအသောက်ပေါင်း ၂၃၂ မျိုးကို အစိမ်း၊ အဝါ၊ အနီဟူသော အမျိုးအစား သုံးမျိုးခွဲ၍ ဖော်ပြပေးမည်ဖြစ်သည်။

  • အစိမ်းရောင်အမျိုးအစား: အဆိုပါ အစားအသောက်များမှာ အန္တရာယ်ကင်းသည်။ သို့သော် အပြောင်းအလဲလုပ်ပြီး စားသင့်သည်။
  • အဝါရောင် အမျိုးအစား: ဟိုမကျသည်မကျ အစားအသောက်များဖြစ်ပြီး ပုံမှန်စားသုံးပါက ကိုယ်နှင့် မတည့်သော အစားအ‌စာများအဖြစ် ပြောင်းသွားနိုင်သည်။
  • အနီရောင်အမျိုးအစား: ဝေဒနာလက္ခဏာများကို ပေါ်ပေါက်စေသော အစားအသောက်များဖြစ်ကာ ယင်းလက္ခဏာမျိုးတွေ့ပါက ၃ လမှ ၆ လအထိ အဆိုပါ အစားအစာကို မစားမသောက်ဘဲ ရှောင်သင့်သည်။

သင်၏ အစားအသောက် နေ့စဥ်မှတ်တမ်း
မိမိစားသည့် အစားအစာများကို မှတ်တမ်းတင်ထားပါ။ မတူညီသော အစားအသောက်များကို စားသောက်ပြီးနောက်တွင် ခံစားရသည့် ဝေဒနာ လက္ခာဏာများ (၂၄နာရီမှ ၄၈ နာရီအထိ ကြာတတ်)၊ ယင်းလက္ခဏာများပေါ်ပေါက်သည့်အချိန်ကို မှတ်တမ်းတင်ထားပါ။

အာဟာရပညာရှင်ဝန်ဆောင်မှု
သင့်အနေဖြင့် ကျွန်ုပ်တို့၏ အစီအစဥ်ကို ရယူထားစဥ်အတွင်းတွင် အကြံပြုထားသည့် နေ့စဥ်အဟာရများ ပြည့်ဝစွာ ရရှိရေးအတွက် ကျွန်ုပ်တို့၏ အာဟာရပညာရှင်များသည် နုပျိုရေးဆေးပညာ ဆရာဝန်များနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။