NK Cells
‘ရောဂါကူးစက်မှုကို ရင်ဆိုင်ရာတွင် ကျွန်ုပ်တို့ကို ကူညီပေးသည့် သတ်ဖြတ်ရေးသမားများ’
ရောဂါကြောင့်သော်လည်းကောင်း၊ စိတ်ဖိစီးမှုကြောင့်သော်လည်းကောင်း၊ မကျန်းမာသော လူနေမှုပုံစံကြောင့်သော်လည်းကောင်း သင်၏ ကိုယ်ခံအားစနစ် ပျက်ပြားသွားသောအခါ ဤလက္ခဏာများကို ခံစားရနိုင်ပါသည်။ :
- နှားခေါင်း၊ နား သို့မဟုတ် အရေပြား ရောဂါကူးစက်မှု မကြာခဏဖြစ်ပွားခြင်း၊ ပြန်ပြန်ပေါ်ခြင်း။
- အခြားလူများက ဖျားနာမှုမှ အလျင်အမြန် ပျောက်ကင်းသွားကြသော်လည်း မိမိကမူ ဖျားနာမှုမှ ပျောက်ကင်းမှု နှေးကွေးခြင်း၊ ရှင်းရှင်း မပျောက်ခြင်း
- ကိုယ်တွင်းအင်္ဂါများ ရောင်ရမ်းခြင်း၊ ကူးစက်ခံရာခြင်း
- ဗိုက်အောင့်ခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ မအီမသာဖြစ်ခြင်း၊ ဝမ်းလျှောခြင်းကဲ့သို့သော အစာချေဖျက်ခြင်းဆိုင်ရာ ပြဿနာများ ဖြစ်ပေါ်ခြင်း
သင်၏ ကိုယ်ခံအားစနစ်နှင့် ယင်း၏ အရေးကြီးပုံ
ကိုယ်ခံအစားစနစ်မှာ ကူးစက်ရောဂါပိုးများ၊ အခြားသော ကျူးကျော်လာသည့်အရာများကို ကာကွယ်ပေးသည့် ခန္ဓာကိုယ်၏ ကာကွယ်ရေးစနစ်ဖြစ်သည်။ Immune response ဟု ခေါ်သော အဆင့်များဖြင့် ကိုယ်ခံအားစနစ်သည့် ရောဂါပိုးများနှင့် ခန္ဓာကိုယ်ထဲသို့ ကျူးကျော်ဝင်ရောက်လာပြီး ရောဂါဖြစ်ပွားစေသည့် အရာများကို တိုက်ခိုက်ပါသည်။ ကိုယ်ခံအားစနစ်မှာ အမျိုးမျိုးသော ခုခံရေးဆဲလ်များနှင့် ဖွဲ့စည်းထားပြီး ယင်းဆဲလ်တစ်ခုချင်းတွင် လုပ်ဆောင်မှု သီးသန့်စီရှိကြသည်။ NK cells သို့မဟုတ် Natural Killer Cells ဟု ခေါ်သော ဆဲလ်များမှာ ကူးစက်ခြင်းများ၊ ဗိုင်းရပ်များနှင့် အကျိတ်ဆဲလ်များကို တိုက်ခိုက်ရာတွင် အရေးကြီးသော ခုံခံရေး ဆြလ်များ ဖြစ်ပါသည်။
သင်၏ NK ဆဲလ်များ၏ စွမ်းဆောင်မှုက သင့်ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ် အခြေအနေကို ဖော်ပြပေးပြီး ယင်း၏ လုပ်ဆောင်မှု ချွတ်ယွင်းချက်များကို ထင်ဟပ်နေပါသည်။ NK ဆဲလ်များ၏ စွမ်းဆောင်မှု ကျဆင်းစေသည့် အကြောင်းရင်းအချို့မှာ :
- ကင်ဆာ
- မိသားစုတွင် ကင်ဆာဖြစ်ပွားသည့် သမိုင်းကြောင်း
- ဆေးလိပ် အသောက်များခြင်း၊ အိပ်ရေးမဝခုင်း၊ စိတ်ဖိစီးမှုများခြင်း၊ အဝလွန်ခြင်း၊ အာဟာရမကောင်းမွန်ခြင်း၊ သစ်သီး၊ ဟင်းသီးဟင်းရွက်နှင့် အသားဓာတ် စားသုံးမှု နည်းခြင်းကဲ့သို့သော မမျှတသည့် လူနေမှုပုံစံများ
- ခုခံအားကျစေသည့် ဓာတ်ပစ္စည်းများ၊ ဓာတုကုထုံးဆေးဝါးများကဲ့သို့သော အချို့ဆေးဝါးများ
- ခွဲစိတ်မှုအပြီး ပြဿနာများ
NK cell များ၏ အလုပ်လုပ်မှု ကောင်းမွန်ခြင်းက ကိုယ်ခံအားစနစ် ကောင်းမွန်ခြင်းကို ထင်ဟပ်နေပါသည်။ သို့သော် အကယ်၍ ထိုအလုပ်လုပ်မှု ပုံမှန်မဟုတ်ဘဲ မြင့်မားနေလျှင်တော့ SLE သို့မဟုတ် Rheumatoid arthritis ကဲ့သို့သော ကူးစက်မှုသို့မဟုတ် အလိုအလျောက်ကာကွယ်ရေးရောဂါများ ဖြစ်ပွားမှုကို ရည်ညွှန်းနေသည်။
NK ဆဲလ်အလုပ်လုပ်မှု စစ်ဆေးခြင်း
NK ဆဲလ်အလုပ်လုပ်မှု စစ်ဆေးခြင်းသည် in-vitro သွေးစစ်ဆေးမှု တစ်ခုဖြစ်ပြီး သင်၏ ခန္ဓာကိုယ် ခုခံအားစနစ်အနေဖြင့် အဓိက ရောဂါပိုး ကူးစက်မှုနှင့် ကင်ဆာဆဲလ်များကို ကာကွယ်နိုင်စွမ်းကို သိရှိစေနိုင်ပါသည်။ NK ဆဲလ်အလုပ်လုပ်မှုကို စစ်ဆေးပြီးသည်နှင့် သင်၏ ခန္ဓာကိုယ် ခုခံအားစနစ်တိုးတက် စေရေးအတွက် ကျွန်ုပ်တို့၏ ဆရာဝန်များနှင့် တစ်ဦးချင်းအတွက် သီးသန့် ကြိုတင်ကာကွယ်ရေး အစီအမံကို ဆွေးနွေးရမည်ဖြစ်ပါသည်။