Telomere အချား
Telomere DNA သည် Chromosomes များကို ကာကွယ်ပေးသည်
Telomereများနှင့် telomerase အင်ဇိုင်းများက chromosomeများကို ကာကွယ်ပေးထားပုံကို တွေ့ရှိခဲ့ခြင်းအတွက်၂၀၀၉ ခုနှစ်၊ ဇီဝကမ္မပညာရပ် သို့မဟုတ် ဆေးပညာ နိုဘယ်ဆုကို Elizabeth H. Blackburn၊ Carol W. Greider နှင့် Jack W. Szostak တို့အား ချီးမြှင့်ခဲ့သည်။
အဆိုပါ ဆုသည် ဆဲလ်များနှင့် ပတ်သက်၍ ကျွန်ုပ်တို့၏ နားလည်မှုကို နယ်ပယ်အသစ် ဖွင့်ပေးခဲ့ပြီး ရောဂါဖြစ်မှုနှင့် ပတ်သက်၍ ပိုမိုနားလည်စေခဲ့ကာ ကုထုံးအသစ်များ ပေါ်ပေါက်စေခဲ့သော အဆိုပါ အခြေခံကျသော စနစ်ကို တွေ့ရှိခဲ့ခြင်းအား အသိအမှတ်ပြုခြင်းလည်း ဖြစ်သည်။
Telomere ဆိုသည်ကို နားလည်ခြင်း။
Telomereများမှာ ကျွန်ုပ်တို့၏ chromosomeများနှင့် ဆဲလ်များကို အိုမင်းရင့်ရော်မှုမဖြစ်အောင် ကာကွယ်ပေးသည့် DNA အမျှင်ကလေးများ၏ ထိပ်ကို ပိတ်ပေးထားသည့် အပိတ်ကလေးများ ဖြစ်ပါသည်။ Telomere များမှာ အချိန်ကြာလာသည်နှင့်အမျှ စုတ်ပြဲ ပျက်ဆီးတတ်ပါသည်။ ဆဲလ်တစ်ကြိမ် ကွဲတိုင်း telomere တိုသွားကာ နောက်ဆုံးတွင် ဆဲလ်ကို မကာကွယ်နိုင်တော့သည့် အနေအထားအထိ တိုသွားတတ်ပါသည်။ ထိုအချိန်တွင် ဆဲလ်များမှာ ဆက်လက်ကြီးထွားမှု ရပ်ချင်ရပ်သွားမည်။ သို့မဟုတ် သို့မဟုတ် apoptosis ဝါ cellular suicide ဟူသော ဖြစ်စဥ်တွင် ဆဲလ်များ သေဆုံးသွားတတ်ကြသည်။
အဘယ်ကြောင့် Telomereများက အရေးကြီးသလဲ။
တိုသွားသော telomere အလျာများမှာ အိုမင်းရင့်ရော်ခြင်းကို ပြသသည့်အရာအဖြစ် မှတ်ယူထားကြပြီး အသက်အရွယ်ကြီးရင့်ခြင်းနှင့် ဆက်စပ်သော ရောဂါများနှင့် ဆက်နွှယ်နေသည်ဟု ဆိုကြသည်။ ထို့အပြင် အောက်ဖော်ပြပါအရာများကဲ့သို့သော ကိစ္စများလည်း ပေါ်ပေါက်စေနိုင်သည်။ :
- stem cell နည်းလာခြင်းဖြင့် အိုမင်းရင့်ရော်မှုကို လျင်မြန်စေခြင်း
- ကိုယ်ခံအားစနစ်ကို အားနည်းစေခြင်း
- ရောဂါပျောက်ကင်းမှု နှေးကွေးစေခြင်း
- ကင်ဆာဖြစ်ပွားနိုင်ချေမြင့်မားခြင်း
- နှလုံးရောဂါဖြစ်ပွားနိုင်ချေမြင့်မားခြင်း
- Alzheimer’s နှင့် dementia ကဲ့သို့သော အသက်ကြီးရင့်ခြင်းနှင့် ဆက်စပ်သော ရောဂါဖြစ်ပွားနိုင်ချေမြင့်မားခြင်း
Telomere အလျား ရှည်လေ အိုမင်းရင့်ရောမှု ဖြစ်စဥ် နှေးကွေးလေဖြစ်ပြီး အားအင်ကုန်ခမ်းခြင်းရောဂါဝေဒနာများစွာ ဖြစ်ပွားနိုင်ချေကိုလည်း လျော့ချပေးနိုင်လေဖြစ်သည်။
Telomere ဆုံးရှုံးမှုနှုန်း လျှော့ချရန် ဘာလုပ်နိုင်သလဲ။
Antioxidant ပမာဏ အမျိုးမျိုး များပြားစွာပါဝင်သည့် အစားအသောက်များကို စားသောက်ခြင်းသည် oxidative stress များကို လျှော့ချပေးကာ telomere အလျား တိုလာခြင်းကိုလည်း နှေးကွေးစေပါသည်။ ထိုအစားအသောက်ထဲတွင် ချက်ပြုတ်ထားခြင်းမရှိသော သစ်သီးနှင့် ဟင်းသီးဟင်းရွက်များ၊ omega-3 နှင့် ရေအေးပိုင်းနေငါးများ ပါဝင်သည်။ ထို့အပြင် ကယ်လိုရီကန့်သတ်ခြင်း လေးကျင့်ခန်း ပြုလုပ်ခြင်းတို့လည်း ပါဝင်သည်။
Telomere များကို မည်သို့ ကာကွယ်ကာ ရှည်လျားလာအောင် လုပ်နိုင်သနည်း။
Telomere များကို နုပျိုစေသည့် ကုထုံးများကို စမ်းသပ်ဖော်ထုတ်နေကြပါသည်။ ယင်းကုထုံးများကို စမ်းသပ်ရာတွင် ကုထံးများ၏ သက်ရောက်မှုကို သိရှိနိုင်ရန်အတွက် ကုထုံးမစမီနှင့် ကုထုံးကာလအတွင်း telomere အလျားများကို တိုင်းတာခြင်းနှင့် စတင်ပါသည်။ လူတစ်ဦးချင်းစီ၏ telomere အလျားကို အသက်အရွယ်ပုံစံများနှင့် နှိုင်းယှဥ်ကြည့်ခြင်းက ဆဲလ်၏ တကယ့်အသက်အရွယ်ကို ဖော်ပြပေးပြီး မိမိခန္ဓာကိုယ်က မည်သည့်နှုန်းဖြင့် အိုမင်းရင့်ရော်နေသည်ဆိုသည်ကို ပြသနိုင်ပါသည်။ ယခုအခါတွင် အဆင့်မြင့် ဆေးဝါးနည်းပညာများကြောင့် telomere အလျားကို သွေးနမူနာတွင်ပင် တိုင်းတာနိုင်ပြီဖြစ်သည်။
သင်၏ telomere အလျားကို စစ်ဆေးသိရှိရပြီးနောက်တွင် ကျွန်ုပ်တို့၏ အမျိုးမျိုးသော ဆေးပညာရှင်များက တစ်ဦးချင်းအတွက် ဖန်တီးပေးထားသော ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို အကြံပြုပေးကြမည်ဖြစ်ပါသည်။