Call+66 2 826 9985

2/4 Wireless Road, Lumpini, Pathumwan, Bangkok 10330

08:00-17:00 MON - FRI, 08:00-12:00 SAT

မျိုးဗီဇ စစ်ဆေးခြင်း

မျိုးဗီဇ စစ်ဆေးခြင်း

‘သင်၏ ကျန်းမာရေးလျှို့ဝှက်ကုဒ်’

မျိုးဗီဇများမှာ အဆင့်ဆင့် ဆင်းသက်လာသော အခြေခံ ရုပ်ပိုင်းဆိုင်ရာ ယူနစ်များဖြစ်ကာ မျိုးဆက်တစ်ခုမှ နောက်တစ်ခုသို့ လွှဲပြောင်းပေးသည်။ ထိုအထွက်တွင် ကျွန်တော်တို့ကို အခြားလူများနှင့် ခွဲခြားပေးသော မျက်လုံးအရောင်၊ သွေးအမျိုးအစား စသည်ဖြင့် ထူးခြားသော အမှတ်သင်္ကေတ၊ လက္ခဧာများကို သတ်မှတ်ပေးသည့် သတင်းအချက်အလက်များကို သိုလှောင်ထားသည့် DNAနှင့် RNA ပါဝင်ပါသည်။ ထို့အပြင် မျိုးဗီဖများသည် ဆီးချိုရောဂါ၊ နှလုံးရောဂါ၊ Alzheimer’s ရောဂါနှင့် ကင်ဆာရောဂါတို့ကဲ့သို့သော ရောဂါများ ဖြစ်ပွားနိုင်မှုကို သတ်မှတ်ဖော်ပြပေးသည်။ ကံကောင်းစွာဖြင့်ပင် ဆေးပညာဆိုင်ရာ နည်းပညာများ တိုးတက်လာခြင်းကြောင့် ကျွန်တော်တို့အနေဖြင့် ကျန်းမာရေး ပြဿနာများကို စောစီးစွာ စစ်ဆေးသိရှိလာနိုင်ပါသည်။ ဖြစ်ပေါ်လာနိုင်သော ရောဂါများကို ကာကွယ်ရန် သို့မဟုတ် နှေးသွားစေရန်အတွက် လူနေမှုပုံစံ ပြောင်းလဲခြင်း၊ ဗီတာမင် ဖြည့်စွက်ဓာတ်စာများ စားသုံးခြင်းကဲ့သို့သော ကြိုတင်ကာကွယ်ရေးလုပ်ဆောင်မှုများကို လုပ်ဆောင်နိုင်ပါသည်။

မျိုဗီဇစစ်ဆေးခြင်း (Genetic Analysis) သည် ခံတွင်းအတွင်းမှ ထုတ်ယူထားသည့် saliva အနည်းငယ်သာ လိုအပ်ပါသည်။ ထိုဆောင်ရွက်မှုမှာ နာကျင်ခြင်းမရှိဘဲ အလျင်အမြန် ဆောင်ရွက်နိုင်ကာ လူနာအနေဖြင့် စစ်ဆေးမှု မပြုလုပ်မီ နှစ်နာရီအတွင်း အစားအစာနှင့် ရေ မသောက်ဘဲ နေရုံသာ လိုအပ်သည်။

လူ့ခန္ဓာကိုယ်တွင် ဆဲလ် ဘီလီယံပေါင်းများစွာ ပါဝင်သည်။ ဆဲလ်တစ်ခုချင်း၏ နယူးကလီးယပ်စ်အတွင်းတွင် ကျွန်ုပ်တို့၏ ဗျိုးဗီဇ ပုံစံပြာရှိပါသည်။ နယူးကလီးယပ်စ်အတွင်းတွင်ပါဝင်သော ဇီဝဆိုင်ရာ သတင်းအချက်အလက်များနှင့် မျိုးရိုးလက္ခဏာများမှာ Deoxyribonucleic acid (DNA)ထဲတွင် မြှုပ်နှံထားပြီး chromosomes များ ပုံစံဖြင့် ဖြစ်တည် ဖွဲ့စည်းထားပါသည်။ အဆိုပါ chrommosomes များမှာ DNA အမျှင်ကလေးများဖြစ်ကာ ကြိုးလုံးတစ်ခုသဖွယ် ခွေလျက်ရှိပြီး အကယ်၍ ဆွဲဆန့်လိုက်လျှင် နှစ်မီတာခန့် ရှည်နိုင်ပါသည်။

ကျွန်ုပ်တို့၏ DNAအတွင်းရှိ သတင်းအချက်အလက်များကို ဓာတ်ပစ္စည်းလေးခုပါဝင်သော ပုံစံဖြင့် သိုလှောင်ထားပါသည်။ အဆိုပါ ဓာတ်ပစ္စည်းလေးခုမှာ adenine (A)၊ guanine (G)၊ cytosine (C)နှင့် thymine (T) တို့ ဖြစ်ပါသည်။ ယင်းဓာတ်လေးခုအတွင်းတွင် လူတိုင်း၏ အခြေခံ မျိုးဗီဇ အချက်အလက်များပါဝင်ပြီး ၎င်းတို့ ဆက်စပ်သည့်အခါတွင် မျိုးဗီဇဟုခေါ်နိုင်သော ယူနစ်ကလေးများအဖြစ် ခွဲခြားနိုင်ပါသည်။

Chromosomeများမှာ သင့်မိဘများထံမှ သင့်ဆီသို့ အချက်အလက်လွဲပြောင်းရန် လိုအပ်သော အရာမှန်သမျှပါဝင်သည့် ဗီဇအမျှင်ကလေးများဖြင့် ပြုလုပ်ထားပါသည်။ အဆိုပါ ဗီဇမျှင်ကလေးများမှာ မျိုးဗီဇ ပုံစံပြာဖြစ်ပြီး သင်၏ ပုံစံ၊ ဖြစ်တည်မှု၊ လက္ခဏာများကို ဖြစ်ပေါ်စေသည့်အရာလည်း ဖြစ်ပါသည်။ လူသားများတွင် တစ်ဦး၏ genomeမှာ အခြားတစ်ဦး၏ genomeနှင့် ၉၉ဒသမ၉ ရာခိုင်နှုန်း တူညီနေသည်။ လူတစ်ယောက်နှင့် တစ်ယောက် ကွဲပြားသွားစေသည့် အရာမှာ သုည ဒသမ ၁ ရာခိုင်နှုန်းသာ ရှိသည်။ ထိုအရာကလေးကြောင့်ပင် ကျွန်တော်တို့ တစ်ယောက်နှင့် တစ်ယောက် ကွဲပြားနေကြခြင်းဖြစ်ကာ တစ်ယောက်နှင့် တစ်ယောက် ရောဂါရရှိမှု မတူညီကြခြင်းလည်း ဖြစ်သည်။