Call+66 2 826 9985

2/4 Wireless Road, Lumpini, Pathumwan, Bangkok 10330

08:00-17:00 MON - FRI, 08:00-12:00 SAT

BDMS Wellness Clinic ကျန်းမာရေးစစ်ဆေးမှု အစီအစဥ်

BDMS Wellness Clinic ကျန်းမာရေးစစ်ဆေးမှု အစီအစဥ်

"စစ်မှန်သော ပြီးပြည့်စုံသည့် ကျန်းမာရေး စစ်ဆေးခြင်း"

နုပျိုရေးဆေးပညာတွင် ဖွံ့ဖြိုးတိုးတက်မှုများက ကျွန်ုပ်တို့၏ ဆေးပညာရှင်များကို လူ့ခန္ဓာကိုယ်အား မော်လီကျူးအဆင့်အထိ စစ်ဆေးနိုင်စွမ်း ရှိသွားစေသည်။ အဆင့်မြင့် နည်းပညာများကို အသုံးချခြင်းနှင့် နုပျိုရေးနှင့်ကြိုတင်ကာကွယ်ရေးဆေးပညာဆိုင်ရာ ကျွမ်းကျင်ပညာရှင်များမှ တစ်ဆင့် BDMS Wellness Clinic အထူးပညာရှင်များအဖွဲ့သည် ဟိုမုန်းများ၊ micronutrientနှင့် antioxidant levelများ၊ ကိုယ်တွင်း အင်္ဂါများ၊ အရိုးနှင့် ကြွက်သားများ၏ လုပ်ဆောင်မှုများ၊ ရောဂါဖြစ်ပွားမည့် လက္ခဏာများကို စစ်ဆေးသည့် ဓာတ်ခွဲခန်းအဖြေများကို အခြေခံကာ တစ်ဦးချင်းအတွက် သီးသန့် အစီအစဥ်ကို ဖန်တီးပေးနိုင်ပါသည်။

ကျန်းမာရေးစစ်ဆေးမှုအစီအစဥ် ပြီးစီးသွားသည့်အခါတွင် သင်၏ ကျန်းမာရေးအခြေအနေများ၊ ရောဂါကာကွယ်ရေးနှင့် အသက်ရှည်ရေးတို့နှင့် ပတ်သက်၍ ပိုမိုနားလည်နိုင်စေရန်အတွက် ခန္ဓာကိုယ်နုပျိုရေးနှင့် ရောဂါကြိုတင်ကာကွယ်ရေး ဆေးပညာနယ်ပယ်မှ ကျွမ်းကျင်ပညာရှင်များနှင့် အသေးစိတ် ဆွေးနွေးခွင့်ရပြီဖြစ်သည်။

The BDMS Wellness Clinic ၏ ကိုယ်ပိုင် ဆေးဝါးထုတ်လုပ်ရေး ဓာတ်ခွဲခန်းကလည်း ချို့တဲ့မှုများကို ဖြည့်ဆည်းရန်နှင် ခန္ဓာကိုယ်ကို ကောင်းမွန်သော အဆင့်သို့ ရောက်စေရန်အတွက် တစ်ဦးချင်းစီအတွက် ဖန်တီးထားသော ဖြည့်စွက် အာဟာရအစီအစဥ်ကို ဖန်တီးပေးမည်ဖြစ်သည်။

Regenerative Signature အစီအစဥ်အကဲဖြတ်မှုတွင် အောက်ပါတို့ ပါဝင်သည်။ :

  • Antioxidant, micronutrient နှင့် ဟိုမုန်းလယ်ဗယ်များ
  • Hematological (သွေး) အညွန်းကိန်းများ
  • နှလုံး၊ အသည်းနှင့် ကျောက်ကပ် ကျန်းမာရေး
  • ကင်ဆာကို သိရှိရန်အတွက် ကျိတ်စစ်ဆေးခြင်း
  • အရိုးသိပ်သည်းဆအပါအဝင် အရိုးနှင့် အဆစ် စစ်ဆေးခြင်း
  • မျက်စိ၊ နား စစ်ဆေးခြင်း
  • ဝမ်းဗိုက် MRI ရိုက်ခြင်း (Non contrast)
  • ကြံ့ခိုင်မှုစစ်ဆေးခြင်း
  • ခန္ဓာကိုယ် အဆီစစ်ဆေးခြင်း
  • ဦးနှောက်ကို အသေးစိတ် MRI ရိုက်ခြင်း

*တစ်ဦးချင်းအတွက် သီးသန့်ပြုလုပ်ပေးထားသော ဖြည့်စွက်ဓာတ်စာအစီအစဥ်မှာ package ဈေးနှုန်းတွင် မပါဝင်ပေ။ အကယ်၍ တစ်ဦးချင်းအတွက် သီးသန့်ပြုလုပ်ပေးထားသော ဖြည့်စွက်ဓာတ်စာက မိမိအတွက် အဆင်ပြေသည်ဆိုလျှင် ပိုမိုသိရှိန်ရန်အတွက် ဆရာဝန်နှင့် တိုင်ပင်ပါ။