ကြိုတင်ချိန်းဆိုခြင်းနှင့် လုပ်ထုံးလုပ်နည်းများ
ကျွန်ုပ်တို့၏ နုပျိုရေးဆေးပညာဝန်ဆောင်မှုများနှင့် ပတ်သက်၍ ပိုမို သိရှိလိုလျှင်သော်လည်းကောင်း၊ မိမိ၏ ကုသရေး အစီအစဥ်နှင့် ပတ်သက်၍ မေးမြန်းလိုလျှင်သော်လည်းကောင်း၊ ကြိုတင်ချိန်းဆိုလိုလျှင်လျှင်လည်းကောင်း အောက်ပါနည်းလမ်းများဖြင့် အလွယ်တကူ ဆက်သွယ်နိုင်ပါသည်။:
Email info@bdmswellness.com
Call Center + 66 2 826 9999
ကျွန်ုပ်တို့၏ Customer Experience Department သည် မိတ်ဆွေ လိုချင်သော သတင်းအချက်အလက်များနှင့်အတူ ၂၄ နာရီအတွင်း ပြန်လည်ဆက်သွယ်ပေးမည်ဖြစ်ပါသည်။
ဆေးခန်းတည်နေရာ
BDMS Wellness Clinic သည် ဘန်ကောက်မြို့လည်တွင် တည်ရှိပြီး ကားဖြင့်လည်းကောင်း၊ တက္ကစီဖြင့်လည်းကောင်း၊ BTS Skytrain ဖြင့်လည်းကောင်း သွားရောက်နိုင်ပါသည်။

International Customer Experience and Coordinators
Regenerative Clinic ဆေးခန်းတွင် ကျွန်ုပ်တို့၏ ဧည့်သည်ကူညီကြိုဆိုရေး ဝန်ထမ်းများမှာ ကောင်းမွန်စွာ သင်ကြားလေ့ကျင့်ထားကြသူများဖြစ်ကာ ထိုင်း၊ အင်္ဂလိပ်၊ မန်းဒရင်း၊ မြန်မာ၊ အာရေဗျ ဘာသာစကားတို့ကို ကျွမ်းကျင်ကြသဖြင့် မိတ်ဆွေအနေဖြင့် မိမိလိုချင်သော ဝန်ဆောင်မှုအတွက် ဘာသာစကား အတားအဆီး ရှိတော့မည်မဟုတ်ပေ။
သယ်ယူပို့ဆောင်ရေး ဝန်ဆောင်မှုများ
လေဆိပ် ကြိုဆိုရေးနှင့် အကြိုအပို့ ဝန်ဆောင်မှု
ကျွန်ုပ်တို့သည် ဆေးခန်းနှင့် ဟိုတယ်ကို အကြိုအပို့လုပ်ပေးသည်သာမက Suvarnabhumi လေဆိပ်နှင့် Don Muang လေဆိပ်တို့မှ တည်းခိုမည့် ဟိုတယ်သို့ ကြိုပို့လုပ်ပေးမည်ဖြစ်ပါသည်။ ပိုမိုသိရှိလိုပါက ကျွန်ုပ်တို၏ ဧည့်သည် ကူညီကြိုဆိုရေးအဖွဲ့ကို ကျေးဇူးပြု၍ ဆက်သွယ်ပေးပါ။
ဟိုတယ်အခန်းကြိုတင်မှာယူသည့် အကူအညီ
ကျွန်ုပ်တို့သည် မိတ်ဆွေ၏ လိုအပ်ချက်နှင့် အကိုက်ညီဆုံးသော ဟိုတယ်ကို ရွေးချယ်၊ အခန်းမှာယူခြင်းကို ဝမ်းသာစွာ ကူညီဆောင်ရွက်ပေးပါသည်။ သို့မှသာ မိတ်ဆွေအနေနှင့် အခြားအရေးကြီးသော အရာများကို အာရုံစိုက်နိုင်မည်ဖြစ်သည်။
The BDMS Wellness Clinic သည် Nai Lert Park ပန်းခြံမြေအတွင်းတွင် တည်ရှိပြီး Mövenpick Hotels & Resorts နှင့် ပူးပေါင်းကာ ထူးခြားသော Mövenpick BDMS Wellness Resort Bangkok ကို တည်ဆောက်ထားပါသည်။ ယင်းမှာ အခန်းပေါင်း ၂၉၄ ခန်းရှိကာ မြို့လယ်ခေါင်တွင် ပန်းခြံအတွင်းတွင် တည်ရှိပါသည်။ ‘Awaken to Wellness Reimagined’ ဟူသော အယူအဆနှင့် အညီတည်ဆောက်ထားသော အဆိုပါ ဌာနသည် ဆေးခန်းနှင့် ဆက်စပ်ကာ လုံးဝပေါင်းစပ်ထားသော ဝန်ဆောင်မှုကို ပေးပါသည်။
ငွေပေးချေရေးနည်းလမ်းများ
BDMS Wellness Clinic သည် credit cards တော်တော်များများနှင့် အာမခံလက်မှတ်များကိုလည်း လက်ခံပါသည်။
ကြည့်ရှုသင့်သည့်အရာ
ဘန်ကောက်မြို့၏ ချစ်စဖွယ်ကောင်းပြီး ခေတ်မီသော ယဥ်ကျေးမှုနှင့် ပြုံးနေသော မြို့ခံများကြောင့် ဘန်ကောက်မြို့မှာ ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး ခရီးသွားနေရာတစ်ခုဖြစ်ပါသည်။ ဘန်ကောက်မြို့မှာ ဆုပေါင်းများစွာကို ရရှိထားပြီး ၂၀၁၈ ခုနှစ်တွင် Mastercard Global Destination Cities Index (GDCI) တွင် နံပါတ်တစ်ချိတ်ခဲ့သည်။ သည်တော့ ဘန်ကောက်မြို့ကို လျှောက်လည်ဖို့ အဆင်သင့်ပဲလား။
The Grand Palace
The Grand Palace သည် ဘန်ကောက်မြို့တွင် မရောက်မဖြစ် သွားသင့်သည့် နေရာဖြစ်ပါသည်။ ၁၇၈၂ ခုနှစ်တွင် တည်ဆောက်ခဲ့သော အဆိုပါ နန်းတောသည် ထိုင်းဘုရင်မင်းမြတ် စံမြန်းရာနေရာဖြစ်ပြီး နှစ်ပေါင်း၁၅၀ ကျော်မျှ အစိုးရရုံးစိုက်ရာနေရာလည်း ဖြစ်ခဲ့သည်။ နန်းတော်ရာထဲတွင် Wat Phra Kaew (မြဘုရား) အပါအဝင် ရင်သပ်ရှုမောဖွယ်ရာ အဆောက်အအုံများစွာ ရှိပါသည်။ ဧည့်သည်များအနေဖြင့် ထိုင်းနိုင်ငံ၏ အမြင့်မြတ်ဆုံးနေရာတွင် လေးစားသမှုရှိစွာဖြင့် ဝတ်စားဆင်ယင်ရန်တော့ လိုအပ်သည်။
Wat Pathum Wanaram
Wat Pathum Wanaram သည် Siam Paragon နှင့် Central World အကြား ဘန်ကောက်မြို့လယ်တွင် ရှိပြီးဘန်ကောက်မြို့လယ်မှ ခပ်ဝေးဝေးလည်း မသွားချင်၊ ထိုင်းယဥ်ကျေးမှုကိုလည်း မြင်တွေ့ချင်သူများအနေဖြင့် သွားရောက်သင့်သည့် နေရာလည်း ဖြစ်သည်။
Aksra Theatre King Power
Aksra Theatre King Power သည် ထိုင်းနိုင်ငံ၏ ကမ္ဘာနာမည်ကြီး ရုပ်သေးပွဲ ‘Aksra Hoon Lakorn Lek’ကို ကြည့်ရှုခံစားရန် သွားရောက်သင့်သည့်နေရာဖြစ်သည်။ ကဇာတ်ရုံမှာ ထိုင်းအမှတ်သင်္ကေတ အနုပညာလက်ရာများဖြင့် ဖန်တီးထားပြီး အလင်းပေးပုံနှင့် တူရိယာသံများနှင့်အတူ စတိတ်စင်က သင့်ကို မျက်စိများပင် ပြာဝေသွားစေမည်ဖြစ်သည်။
စားသောက်စရာနေရာ
Eathai Food Court, Central Embassy
ဤနေရာသည် ပင်လယ်စာများမှသည် လမ်းဘေးထိုင်းစာများအထိ ထိုင်းတစ်နိုင်ငံလုံးရှိ နေရာအသီးသီးမှ ထိုင်းအစားအစာများကို ရရှိနိုင်သည့်နေရာလည်းဖြစ်သည်။ ထို့အပြင် အဆိုပါ ဟင်းလျာများ၏ အသေးစိတ်ကို အင်္ဂလိပ်လို ရေးသားထားရာ မှာယူရလွယ်ကူပါသည်။
Siwilai City Club, Central Embassy
Siwilai City Club သည် Central Embassy ၏ ငါးလွှာမှ ခေါင်မိုးပေါ်ရှိ အဆင့်မြင့်နေ့ခင်း ဘားဖြစ်ပြီး ဘန်ကောက်မြို့၏ လှပသော မြင်ကွင်းနှင့်အတူ အရသာရှိသော အဖျော်ယမကာများ၊ အမျိုးမျိုးသော ဟင်းလျာများကို ဝန်ဆောင်မှုပေးပါသည်။
The Penthouse Bar and Grill at Park Hyatt Bangkok
Park Hyatt Bangkok သည် ရင်းနှီးမှုရှိသော စတိုင်ကျသော ညစာစားစရာနေရာ၊ ဖျော်ဖြေရေးနေရာများကို ဝန်ဆောင်မှုပေးပါသည်။ သုံးလွှာတွင်ရှိသော Penthouse Bar and Grill သည် bachelor pad motif ပါဝင်သည် အကင်ဆိုင်ဖြစ်သည်။ ညနေစာစားပြီးသည့်အခါတွင် သုံးဆယ်ခြောက်လွှာသို့ သွားကာ Penthouse Rooftop Bar တွင် ညခင်းကို ခံစားနိုင်ပါသည်။
Baan Restaurant
အကယ်၍ ထိုင်းအစားအစာစစ်ကို စားချင်သည်ဆိုလျှင် Baan Restaurant စားသောက်ဆိုင်ကို မဖြစ်မနေ သွားသင့်ပါသည်။ Baan ဆိုသည်မှာ ထိုင်းဘာသာဖြင့် ‘အိမ်’ ဟု အဓိပ္ပာယ်ရပြီး ထိုင်းနိုင်ငံရှိ နာမည်ကြီးစားဖိုမှူး Ton ၏ လက်ရာ တစ်ရာရာခိုင်နှုန်း ထိုင်းမိသားစုစတိုင် ဟင်းလျာများကို စားသောက်ခွင့်ရမည်ြဖစ်သည်။
ဘယ်နေရာမှာ ဝယ်မလဲ။
Central Embassy
BDMS Wellness Clinic မှ မိနစ်အနယ်ငယ် လမ်းလျှောက်ရုံမျှရောက်နိုင်သည့် ဘန်ကောက်မြို့လယ်တွင်ရှိသော အဆင့်မြင် ဈေးဝယ်စင်တာသည် နောက်ဆုံးပေါ် ဖက်ရှင်များ၊ အလှအပနှင့် နည်းပညာ စတိုးဆိုင်များတွင် ဈေးဝယ်ရန် သွားရောက်သင့်သည့်နေရာဖြစ်သည်။ BTS Skytrain Ploenchit ဘူတာရုံ၊ Chidlom Station ဘူတာရုံတို့မှ တိုက်ရိုက်သွားရောက်နိုင်သည်။
Emporium & EmQuartier
BDMS Wellness Clinic သည် မိမိ၏ ဧည့်သည်များအနေဖြင့် ဘန်ကောက်မြို့တွင် ထူးခြားသော ဈေးဝယ်စင်တာများဖြစ်သည့် Emporium and EmQuartier တွင် ကောင်းမွန်စွာ ဈေးဝယ်၍ ရနိုင်စေရန်အတွက် The Mall Group နဲ့ မိတ်ဖက်ထားပါသည်။ Tourist Discount Card၊ Exotique Thai Cash Vouchersနှင့် Emporium EmQuartier & Siam Paragon တို့မှ Gift Vouchers များကို အသုံးပြုလျက် Personal Shopping Assistance မှသည် Welcome Package များကိုအထိ မိမိရရှိထားသော အထူးအခွင့်အရေးများကို မိသားစုများ မိတ်ဆွေများနှင့်အတူ ခံစားလိုက်ပါ။ နောက်ထပ် သိရှိလိုပါက ကျေးဇူးပြု၍ + 66 2 826 9999 or info@bdmswellness.com မှတစ်ဆင့် International Coordinatorကို ဆက်သွယ်ပါ။
Chatuchak Weekend Market
လက်လီစတိုးဆိုင်ပေါင်း ၈၀၀၀ ကျော်ရှိသော Chatuchak Weekend Market သည်လည်း သွားရောက်လည်ပတ်သင့်သည့် နေရာတစ်ခုဖြစ်သည်။ တကယ့် ဒေသဈေးကို ခံစားလိုပြီး အရသာရှိသော ဒေသအစားအစာများကို မြည်းစမ်းလိုလျှင် Chatuchak Weekend Market သို့သွားပါ။ စိတ်ပျက်ရမည်မဟုတ်ပါ။
To Bangkok and Beyond: Exclusive Tours
BDMS Wellness Clinic သည် ဘန်ကောက်မြို့နှင့် ထိုင်းနိုင်ငံ၏ အခြားသော နေရာများသို့ သွားလိုလျှင် သင်သွားလိုသည့်အတိုင်း သီးသန့် စီစဥ်ပေးမည်ဖြစ်ပါသည်။ အသေးစိတ် အချက်အလက်များ သိရှိလိုပါက + 66 2 826 9999 or info@bdmswellness.com မှတစ်ဆင့် International Coordinator ကို ဆက်သွယ်ပါ။