Call+66 2 826 9985

2/4 Wireless Road, Lumpini, Pathumwan, Bangkok 10330

08:00-17:00 MON - FRI, 08:00-12:00 SAT

  • Regenerative Clinic
  • BDMS Wellness Clinic

About us

Regenerative Clinic

အသက်ရှည်စေခြင်း

Regenerative Clinic တွင် လူတစ်ဦးချင်းစီ၏ ကျန်းမာရေး ကောင်းမွန်အောင် ဆောင်ရွက်သည့် လုပ်ငန်းစဥ်သည် အထူးသဖြင့် အသက်အရွယ်နှင့် သက်ဆိုင်သော ရောဂါများနှင့် ပတ်သက်လျှင် ကုသခြင်းထက် ရောဂါကာကွယ်ရေးကို အလေးပေးခြင်းဖြင့် စတင်ပါသည်။ သင်၏ မိသားစု၊ သင်စားသော အစားအသောက်၊ လေ့ကျင့်ခန်းလုပ်သည့် အလေ့အထနှင့် အခြားသော ကျန်းမာရေးပြဿနာများနှင့်ပတ်သက် ရောဂါဖြစ်ပွားနိုင်ချေများအပြင် သင်ကြုံတွေ့ ခံစားနေရသော ပြဿနာများ၊ အခြေအနေများနှင့်ပတ်သက်၍ ကျန်းမာရေးဆိုင်ရာ နောက်ကြောင်းကို ပြည့်စုံစွာ ပြင်ဆင်ပေးကြမည့် ကျွန်ုပ်တို့၏ နုပျိုခြင်းဆေးပညာကျွမ်းကျင်ပညာရှင်များနှင့် အကြံပြုခြင်းနှင့် စတင်ပါသည်။ ထိုကဲ့သို့ စစ်ဆေးခြင်းတွင် ပြင်ပခန္ဓာကိုယ်အခြေအနေ၊ ကိုယ်ခန္ဓာသန်စွမ်းမှုမှ သွေးပေါင်ချိန်၊ lipid profile၊ ဦးနှောက်ကျန်းမာရေးနှင့် ကိုယ်အလေးချိန် လျော့ကျခြင်းများပါဝင်သည်။

ဆွေးနွေးတိုင်ပင်မှုများ ပြုလုပ်ပြီးနောက်တွင် သင့်ကျန်းမာရေးကို တိုးတက်ကောင်းမွန်စေရအတွက် သင်၏ လိုအပ်ချက်များ၊ မျှော်မှန်းချက်များနှင့် ကိုက်ညီသော အသေးစိတ်ကျန်းမာရေး စစ်ဆေးခြင်းအစီအစဥ်အတွက် သင်နှင့် ဆရာဝန်တို့က စီစဥ်ကြပါလိမ့်မည်။ ထိုကဲ့သို့ စစ်ဆေးမှုများ ပြုလုပ်ရာတွင် ပြီးပြည့်စုံသော သွေးစစ်ဆေးခြင်း၊ micronutrient နှင့် antioxidant စုပ်ယူမှု၊ ဟိုမုန်းမမျှတခြင်း၊ အစားအသောက်မတည့်ခြင်း၊ NK Cells activityတို့ကို တိုင်းတာ၍ ရနိုင်သော အရာများဖြစ်သည့် ချွဲသလိပ်၊ မစင်၊ ဆီး စစ်ဆေးခြင်းနှင့် DNA အတွင်းရှိ ကျန်းမာရေးပြဿနာဖြစ်လာနိုင်သောအရာများကို ဖော်ထုတ်ရန် မျိုးဗီဇ စစ်ဆေးခြင်းတို့ ပါဝင်သည်။


နုပျိုရေး ဆေးပညာသည် ရောဂါများကို ကာကွယ်‌ရန် ကြိုးစားသော ဆေးပညာဖြစ်ပြီး ခန္ဓာကိုယ်လည်း နုပျိုနေအောင် ကူညီပေးသော ဆေးပညာဖြစ်ပါသည်။ ခန္ဓာကိုယ် အိုမင်းရင့်ရောသည့် နှုန်းကိုလည်း Regenerative Clinic တွင် telomere စစ်ဆေးခြင်းနည်းပညာဖြင့် စစ်ဆေးနိုင်ပါသည်။ အဆိုပါနည်းပညာမှာ ဆဲလ်များ၏ သက်တမ်းအမှန်ကို တိကျစွာ တိုင်းတာနိုင်ပါသည်။ ထို့နောက်တွင်တော့ သင်၏ ဘဝအရည်အသွေးတိုးတက်စေရန်နှင့် အသက်ကြီးရင့်သည့် ဖြစ်စဥ်ကို နှေးကွေးစေရန်အတွက် သီးသန့်ပြုလုပ်ထားသည့် အစီအစဥ်ကို ဖော်ထုတ်မည်ဖြစ်ပါသည်။

ကျန်းမာရေးအခြေအနေတစ်ခုလုံးကို စစ်ဆေးပြီးသည့်အခါတွင် ကျန်းမာရေးကို တိုးတက်စေရန်နှင့် ကျန်းမာရေးကို ခန့်မှန်းရန် တစ်ဦးချင်းအတွက် သီးသန့် ပြုလုပ်ထားသော ကျန်းမာရေး စောင့်ရှောက်မှု အစီအမံကို ဒီဇိုင်းရေးဆွဲမည်ဖြစ်ပါသည်။ ထိုကဲ့သို့ ပြုလုပ်ရာတွင် အာဟာရဆိုင်ရာ အကြံပေးခြင်း၊ ကိုယ်ကာယ လေ့ကျင့်ခန်း အစီအစဥ်များ၊ အိပ်စက်ခြင်းနှင့် စိတ်ဖိစီးမှု စီမံခန့်ခွဲရေး၊ ဆဲလ်ချို့တဲ့ခြင်းကို လျော့ကျစေရန်နှင့် ရောဂါကာကွယ်ရေး၊ ကျန်းမာရေးကောင်မွန်ရေးအတွက် Royal Compound Pharmacy တွင် ထုတ်လုပ်ထားသည့် သဘာဝဖြည့်စွက် အစာများပါဝင်သည်။

“ကြိုတင်ကာကွယ်ခြင်း ဆေးပညာဟာ နောင်မှာဖြစ်ပေါ်လာနိုင်တဲ့ ဖျားနာမှုတွေကို လျှော့ချင်ခြင်း သက်သက်တင်မဟုတ်ပါဘူး။ ခန္ဓာကိုယ်ကို နုပျိုအောင်ထားနည်း နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။ အသက်ရှည်စွာ နေထိုင်နိုင်ဖို့ တစ်ဦးချင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာတွေကို အကောင်းဆုံးအနေအထားမှာ ရှိနေဖို့ ဆောင်ရွက်တဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်”

Tanupol Virunhagarun, M.D.

Chief Operating Officer and Director
of BDMS Wellness Clinic

About

BDMS Wellness Clinic

ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှု၏ ဇစ်မြစ်

၁၉၆၉ ခုနှစ်၊ အောက်တိုဘာလ ၃၀ ရက်နေ့တွင် Bangkok Dusit Medical Services ကို စတင်ဖွင့်လှစ်သည့် အချိန်မှစကာ BDMS သည် အာရှဖစိဖိတ်ဒေသတွင် ထိပ်တန်း ဆေးရုံ ကွန်ရက်များထဲမှ တစ်ခုဖြစ်ခဲ့ပါသည်။ ကမ္ဘာတွင် ထိပ်တန်းကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းစုတွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံထားရသည့် BDMS ကျွန်ရက်ရှိ ဆေးရုံပေါင်း ၄၇ ခုတွင် ဆရာဝန် ၁၀၀၀၀ ကျော်က ပြည်တွင်းပြည်ပ လူနာများကို အဆင့်မြင့် ကျန်းမာရေး စောင့်ရှောက်မှုများ၊ အထူးကုသမှုများ ဝန်ဆောင်မှုပေးနေပါသည်။ ဤကျယ်ပြန့်သော ကွန်ရက်၊ ထူးခြားသော အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မှုများဖြင့် BDMS သည် ကြိုတင်ကာကွယ်ရေးဆေးပညာနယ်ပယ်တွင်လည်း ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ ကျွမ်းကျင်မှုများကို အလေးပေး ဆောင်ရွက်နေပါသည်။


ဂန္ထဝင် Nai Lert ပန်းခြံကို ဝယ်ယူလိုက်ခြင်းကြောင့် BDMS အနေဖြင့် ယင်း၏ ရည်မှန်းချက်များ အောင်မြင်ပေါက်မြောက်လာပါသည်။ အမွေအနှစ်များနှင့် ပြည့်စုံသော ဤမြေနေရာကို မူလက Phraya Bhakdi Noraset က ပိုင်ဆိုင်ပါသည်။ ကမ္ဘာတစ်ဝှမ်းမှ ဆေးမြစ်၊ ဆေးရွက်၊ ဆေးပင်များအပြည့်အဝရနိုင်သည့် ဘန်ကောက်မြို့မှ စင်တာတစ်ခုအဖြစ် တည်ထောင်ရန် ကြိုးစားခဲ့ပါသည်။ BDMS Wellness Clinic အနေဖြင့် မြို့လည်ရှိ အပန်းဖြေစရာ အိုအေစစ်တစ်ခုဖြစ်သော ပန်းခြံထဲတွင် အခန်းပေါင်း ၂၉၃ ခန်း ပါဝင်သော Mövenpick BDMS Wellness Resort Bangkok udk တည်ထောင်ရန်အတွက် Mövenpick Hotels & Resorts နှင့် ပူးပေါင်း ဆောင်ရွက်ခဲ့ပါသည်။

ကျန်းမာ‌ကြံ့ခိုင်မှုဆိုင်ရာ ကောင်းမွန်သောအတွေ့အကြုံ ခံစားမှုတွေရရှိစေရန်အတွက် resort စာသောက်ဆိုင်များသည် သြဂဲနစ်အစားအသောက်များနှင့် စီရင်ထားသော ကျန်းမာရေးနှင့် ညီညွတ်သည့် ပြည်တွင်းပြည်ပအစားအသောက်များကို ဝန်ဆောင်မှုပေးပါသည်။ အကျိုးရှိသော ကျန်းမာရေး ဆိုင်ရာ အတွေ့အကြုံအတွက် ကျန်းမာရေးနှင့် ညီညွတ်သော ဟင်းလျာများအပြင် တစ်ဦးချင်းစီအတွက် ဖန်တီးထားသည့် ရက်တို ကျန်းမာရေးအစီအစဥ်များလည်း ရှိနေပါသည်။ ကျွန်ုပ်တို့၏ ကျွမ်းကျင်မှုနှင့် နည်းပညာ၊ ကျယ်ပြန့်သောကွန်ရက်၊ စေတနာပါသော စောင့်ရှောက်မှုများနှင့် ပေါင်းစပ်ပြီး BDMS Wellness Clinic သည် ကြိုတင်ကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဆေးရုံ တစ်ခု ဖြစ်လာပြီး အဆင့်မြင့်ကျန်းမာရေး ဆောင်ရွက်မှုအတွက် ရွှေစံနှုန်းဖြစ်လာပါသည်။

ကျွန်ုပ်တို့ကို ဘာကြောင့် ရွေးချယ်မလဲ။

ဧည့်သည်တစ်ဦးချင်းစီသည် မတူညီသော လိုအပ်ချက်များ၊ မျှော်မှန်းချက်များနှင့် ကျွန်ုပ်တို့ထံ ရောက်လာသောကြောင့် BDMS ဆေးပညာအဖွဲ့သည် သင့်အတွက် သင့်လျော်မှန်ကန်သော သီးသန့်ကုသရေးအစီအစဥ်ကို ဖန်တီးပေးမည်ဖြစ်ပါသည်။

ကျွန်ုပ်တို့ ဧည့်သည်များ၏ ကိုယ်ရေးအချက်အလက်များ၊ ကျန်းမာရေးဆိုင်ရာ အချက်အလက်များကို လုံခြုရေး အဆင့်မြင့်မားစွာဖြင့် ထိန်းသိမ်း ကာကွယ်ထားပါသည်။

အထူးပြုဆေးခန်း ခုနစ်ခုနှင့် သွားလာနေထိုင်ရ အဆင်ပြေသော နေရာတွင် ကျန်းမာရေးအတွက် ဟိုတယ်တစ်ခုရှိရာ ကျွန်ုပ်တို့အနေဖြင့် သင်တွေ့ကြုံခံစားနေရသော ကျန်းမာရေးပြဿနာများ၊ ကာကွယ်လိုသော ပြဿနာများအတွက် များပြားပြည့်စုံသော ရောဂါရှာဖွေရေးနှင့် ကုသမှုအမျိုးမျိုးကို ဝန်ဆောင်မှုပေးပါသည်။

လူနာများအနေဖြင့် ကျွန်ုပ်တို့၏ ဆေးပညာရှင်များထံမှ အဖြေများကို ပြန်လည်ဖြေကြားပေးနေသော သူနာပြုများထံ နံနက် ၈ နာရီမှ ၅ နာရီအထိ ဖုန်းဖြင့် ဆက်သွယ်နိုင်ပါသည်။ အဆင်ပြေသော ချိန်းဆိုမှုများကိုလည်း လျင်မြန်လွယ်ကူစွာ ဆောင်ရွက်နိုင်ပါသည်။

နိုင်ငံတိုင်းမှ လူနာများအတွက် ဝန်ဆောင်မှုပေးရန်အတွက် ခရီးသွားလာရေးနှင့် ဘာသာပြန်လာလည်း ရှိပါသည်။

 

ကျွန်ုပ်တို့၏ ရည်မှန်းချက်

တစ်ဦးချင်းစီအတွက် ပြုလုပ်ပေးထားသော အသက်အရွယ်ကြီးရင့်ခြင်းနှင့် ဆက်စပ်သော အနာရောဂါများကို ကာကွယ်ပြီး ကျန်းမာမှုကို အားပေးသော ကုထုံးများမှ တစ်ဆင့် သက်ရှည်ကျန်းမာပျော်ရွှင်သော ဘဝများခံစားခွင့်ရစေနိုင်ရေးအတွက် The Regenerative Clinic ကို တည်ထောင်ခဲ့ပါသည်။

ကျွန်ုပ်တို့၏ တည်နေရာ

The Regenerative Clinic သည် ဘန်ကောက်မြို့၏ တစ်ခုတည်းသော ပုဂ္ဂလိကပိုင် မြို့လည် ပန်းခြံမြေနေရာ၏ ဆိတ်ငြိမ်အေးချမ်းသာ နေရာတွင်ရှိသည်။ အဆိုပါနေရာမှာ ဈေးဝယ်စင်တာကြီးများ၊ သံရုံးများ၊ စီးပွားရေးရုံးများနှင့် အခြားသွားလာလည်ပတ်ရန် ကောင်းနေရာများနှင့် အနီးတွင်ရှိသည်။